အလွယ်ကူဆုံး ဘလော့ခြင်း

Posted on Tuesday, December 22, 2009 by နေမိုး

ဒီနေ့တော့ အလွယ်ဆုံး ဘလော့နည်းလေးပဲ တင်ဆက်ရဦးမယ်။ တခြားတော့မဟုတ်ပါဘူး။ ဓာတ်ပုံလေးတွေ ပြချင်သေးလို့ပါ။ ဘလော့လောကမှာ ဓာတ်ပုံတင်တယ်ဆိုတာ အလွယ်ဆုံး ဘလော့နည်းပါတဲ့။

ကျနော့်မှာလည်း ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ဘလော့ကို အားဖြည့်ရအောင်လည်း အချိန်က သိပ်မရဘူးဖြစ်နေတယ်။ မနေ့တုန်းကတော့ ဒိန်းမတ်မှာ နှင်းကျတာကို အကြောင်းပြုပြီး စာလေးတလုံးနှစ်လုံးရေးရင်းနဲ့ အလွယ်တကူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေနဲ့ အသံပေးလိုက်ရသေးတယ်။ ဒီနေ့တော့ အလုပ်ကအပြန် မြို့လယ်ခေါင်ကိုဝင်ပြီး ဆံပင်ညှပ်တာမှာ နှင်းတွေ ဖြူဖြူလွလွ ကျနေတဲ့ မြို့လယ်ခေါင်ရင်ပြင်မှာ အေးအေးဆေးဆေးနဲ့ ခရစ်စမတ်သီချင်းတွေကို လေမှုတ်တူရိယာမျိုးစုံနဲ့ တီးမှုတ်နေတဲ့ ခရစ်စမတ်ဖျော်ဖြေရေး အဖွဲ့တစ်ဖွဲ့ကို တွေ့ခဲ့ရတယ်။ မြင်ကွင်းနဲ့ ရူခင်းရူကွက်က တမျိုးလေး အဆန်းတကျယ်ဖြစ်နေတာနဲ့ ကျနော်လည်း အနားကပ်သွားပြီး ဟန်းဖုံးနဲ့ ဓာတ်ပုံလေးတွေ ရိုက်လာခဲ့တယ်။

ခရစ်စမတ်အရောင်းဆိုင်တစ်ဆိုင်ရှေ့က ခရစ်စမတ်ဘိုးဘိုး အရုပ်

မြို့လည်ခေါင် ဘဏ်တစ်ခုရှေ့က ဆလိုက်မီးထိုးပေးထားတဲ့ ရေခဲပြင် စကိတ်စီးကွင်း

ဇွဲနဲ့မာန်နဲ့ အအေးဒဏ်ကိုခံရင်း ဖျော်ဖြေနေကြသူများ


မြို့လည်ခေါင်က ဆောင်းရာသီနှင်းကျတဲ့အချိန်မှာ ကလေးတွေအတွက် လုပ်ပေးထားတဲ့ ရေခဲပြင် စကိတ်စီးကွင်း

စကိတ်စီးတဲ့ဖိနပ်မပါဘဲ ကစားကွင်းထဲသို့ မ၀င်ရလို့ ဒိန်းမတ်ဘာသာနဲ့ရေးထားတဲ့ သတိပေးချက်

ကျနော်လည်း အလုပ်မရှိ အလုပ်ရှာ ကြောင်ရေချိုးပေးသလို ဖြစ်နေပြန်ပြီ။ ကြောင်ရေချိုး လို့ ဆိုလိုက်တာနဲ့ လူရေချိုးတာကို သတိရသွားတယ်။ လူတွေအတွက် ရေချိုးနည်း ဆိုတာ ရှိသတဲ့။ မိတ်ဆွေတို့များ သိကြပါသလား။ မသိရင် ပဟေဠိတွေဖြစ်မနေပါနဲ့။ ကျနော်သိထားတဲ့ လူတွေအတွက် ရေချိုးရန် နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနေ့တော့ မရေးဖြစ်သေးဘူး။ မနက်ဖြန်ကျရင် ရေးပေးမယ်။ ရေချိုးနည်းဆိုလို့ ပြီးတော့မှ ဒီတခါလည်း ဒီကောင်တော့ ကြောင်ရေချိုးပေးပြန်ပြီ ဖြစ်နေမလားပဲ။းးး)))



0 comments:



Copyright © 2009/2010 နေမိုး. All rights reserved.