Happy New Year ပါ။

Posted on Thursday, December 31, 2009 by နေမိုး

နှစ်သစ်ကိုတော့ ရောက်လာပြန်ပါပြီ။
လူသားအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်ကြစေချင်ပါတယ်။
ကျနော်တို့ဘ၀တွေလည်း ကိုယ့်နိုင်ငံနဲ့ဝေးပြီးတော့ ရေခြားမြေခြားမှာ နေရတဲ့ အချိန်တွေလည်း ကြာလွန်းခဲ့ပါပြီ။
မြန်မာနိုင်ငံမှာလည်း ၂၀၁၀ဆိုတာ အပြောင်းအလဲသစ်တွေ အနည်းနဲ့အများတော့ ရှိလာမှာပါ။
အကျိုးရလဒ်ကောင်းမွန်တဲ့ ပြောင်းလဲခြင်းအသစ်တွေနဲ့ မင်္ဂလာရှိတဲ့ ၂၀၁၀ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့အတွက် မိဘ၊မောင်နှမ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ကိုယ့်မွေးရပ်မြေမှာ ပြန်ဆုံတွေ့ကြဖို့က သိပ်မကြာလောက်တော့ပါဘူး။

အားလုံးပဲ ပျော်ရွှင်ကြည်နူးရမယ့် မင်္ဂလာရှိသော Happy New Year ဖြစ်ပါစေ။

0 comments:



Copyright © 2009/2010 နေမိုး. All rights reserved.