Voice Of Burma 741

Posted on Sunday, December 20, 2009 by နေမိုး

လွန်ခဲ့တဲ့ သီတင်းပါတ် ဒီဇင်္ဘာ ၁၄ရက် မှ ၁၈ရက် အတွင်းက သတင်းဟောင်းများဖြစ်ပါတယ်။ Voice Of Burma စာစောင်ကို ဂျပန်နိုင်ငံကနေ အပါတ်စဉ် ရိုက်နှိပ်ထုတ်ဝေ နေတာဖြစ်ပါတယ်။ ဒီစာစောင်မှာပါတဲ့ သတင်းအချက်အလက်များကတော့ တစ်ပါတ်အတွင်း ပြည်ပက မြန်မာရေဒီယို သတင်းဌာနတွေက ထုတ်လွှင့်ခဲ့သမျှတွေကို စနစ်တကျ ပြန်လည်စုစည်းထားတာ ဖြစ်ပါတယ်။

ကျနော်တို့ မလေးရှားမှာ ရှိတုန်းကတော့ အင်တာနက်ကို အနားမကပ်နိုင်၊ ရေဒီယိုအသံကို မသဲမကွဲနဲ့ ကြိုးစားပြီး မြန်မာနိုင်ငံသတင်းတွေကို နားစွင့်နေရတဲ့ အချိန်တုန်းကတော့ အင်မတန်ကို အားကိုးရတဲ့ စာစောင်လေး တစ်စောင်ပါ။ ကြိုးစား အားထုတ်ပြီး အခမဲ့ ရိုက်နှိပ်ထုတ်ဝေပေးတဲ့ ဂျပန်ကပုဂ္ဂိုလ်တွေကို အရမ်းကျေးဇူးတင်ရပါတယ်။

သတင်းတွေပြန်ဆန်းစစ်နိုင်သလို အပါတ်စဉ်ဆောင်းပါးတွေကလည်း အရမ်းကောင်းပါတယ်။ ကာတွန်း Mr. Burma ရဲ့လက်ရာကလည်း ထိထိမိမိရှိလှပါတယ်။

VOB741

0 comments:



Copyright © 2009/2010 နေမိုး. All rights reserved.