အိမ် (အကြိုက်ဆုံးသီချင်း)

Posted on Tuesday, December 15, 2009 by နေမိုး

………………..အိမ်………………

တေးဆို - ဓီရာမိုရ်
သံစဉ် - ဓီရာမိုရ်
စာသား - နေထွန်း

စကားပြော - - - (ကမ္ဘာမြေမှာ “ခိုလှုံရာ” ခေါ်ဆိုတဲ့ အိမ်

ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်

ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်)


*** ကမ္ဘာမြေမှာ “ခိုလှုံရာ” ခေါ်ဆိုတဲ့ အိမ်

ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်

ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်။

*** အိမ်တအိမ်မှာ မှီတည်ရာ ဘာသာတရားတွေ

ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ

ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ

ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။

Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ)

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ

(မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ)

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။

*** အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်

ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်သဘက်ရယ်

အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့

စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ့် ဆန်အရက်ရယ်။

*** ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်

လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်

ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်

ချစ်မိတ်ဆွေ စည်းချက်ညီ တူတူကမယ်။

Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ)

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ

(မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ)

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။

*** ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တအိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်

အဆောင်အယောင်တွေ မဆင်ယင်စေ ရင်ခွင်အိမ် ပျော်ရွှင်ပါစေ

ဒဏ္ဍာရီ ရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်။

*** တစ္ဆေတကောင်ဟာ ဟန်ဆောင်သလို မာယာကင်းမဲ့

မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့

ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ

တို့အိမ် ငါတို့အိမ်

ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။

Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ)

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ။

(မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ)

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ

0 comments:



Copyright © 2009/2010 နေမိုး. All rights reserved.